Local News: မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီမယ်လို့ တရုတ်သမ္မတပြော

နယ်စပ်လုံခြုံရေးနဲ့တည်ငြိမ်ရေးကို အထူးအရေးထားတယ်လို့လည်း ပြောပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်မှာ နိုဝင်ဘာလ ၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်က တရုတ်သမ္မတရှီကျင့်ဖျင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာရောက်တွေ့ဆုံတုန်းမှာ အခုလိုပြောကြားလိုက်တာပါ။

play

 

တရုတ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့တည်ငြိမ်ရေးကို အထူးအရေးထားတယ်လို့ တရုတ်သမ္မတက ပြောကြားခဲ့ပြီး နှစ်နိုင်ငံ နှစ်ကာလရှည်ကြာရှိလာတဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဆက်လက်အဓွန့်ရှည်ချစ်ကြည်ဖို့လည်း တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ့အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကို တရုတ်နိုင်ငံက လေးစားတယ်လို့တရုတ်သမ္မတကပြောခဲ့ပြီး မြန်မာနိုင်ငံမှာလည်း အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံးရရှိလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source & Photos : Senior General Min Aung Hlaing Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ