Local News: မုန်တိုင်းအရှိန်ကြောင့် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ဆို

နောက်ထပ် (၂၄)နာရီအတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဆက်လက်ဖြစ်ပေါ်နေလို့ ဒီလေဖိအားနည်း ရပ်ဝန်းက နောက်ထပ် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခုအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီးမှာ နေရာ ကွက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) လောက် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကလည်း အရှေ့လေပွေလှိုင်းတစ်ခုကြောင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ နိုဝင်ဘာလဆန်းအတွင်း မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်တယ်လို့ အောက်တိုဘာလ နောက်ဆုံးပတ်က သတိပေးခဲ့ပါတယ်။

Source & Photo : DMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ