Local News: နားမခံနိုင်အောင်သီချင်းဖွင့်တဲ့ ထီသည်ကို အလုပ်ကြမ်းနဲ့ ထောင် ၁၅ ရက်ချ

အများပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ခဲ့လို့ အရေးယူခဲ့တာပါ။

play

 

ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနဲ့ ၅၁ လမ်းထောင့်မှာ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင် အသံချဲ့စက်ဖွင့်တဲ့ ထီသည်အမျိုးသားတစ်ဦးကို ပုဇွန်တောင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

သာကေတမြို့နယ်၊ (၂) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၂ အရွယ် ဦးခင်မောင်ဦးဆိုသူက နိုဝင်ဘာ ၁ ရက် မနက် ၁ နာရီ လောက်မှာ အများပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်အောင် အသံချဲ့စက်ဖွင့်ပြီး ထီရောင်းချခဲ့လို့ ရန်ကုန်ရဲအက်ဥပဒေနဲ့ အမှုဖွင့်အရေးယူခဲ့တာလို့ ပုဇွန်တောင် မြို့မရဲစခန်းကနေ သိရပါတယ်။

အများပြည်သူ အိပ်ကောင်းနေတဲ့ အချိန်မှာ အသံချဲ့စက်ကို ကျယ်ကျယ်လောင်လောင်ဖွင့်ပြီး ထီရောင်းနေလို့ တားမြစ်တာကို နားမထောင်ဘဲ ဆက်ဖွင့်နေလို့ တရားစွဲဆိုခဲ့တာလို့ ပုဇွန်တောင်မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ