Local News: အိပ်ရာနားထားတဲ့ ဖုန်းပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရတဲ့ ဖြစ်ရပ်တစ်ခု မန္တလေးမှာ ဖြစ်ပွား

အားသွင်းထားတာ တစ်နာရီခွဲလောက်အထိကြာပြီး ပေါက်ကွဲတော့ အသံကျယ်တယ်လို့ ဟန်းဆက်ပေါက်ကွဲခြင်းနဲ့ပတ်သက်ပြီး မယုသဇင်ဖြိုးက ပြောထားပါတယ်။

play

 

အိပ်ရာဘေးနားမှာထားတဲ့ မိုဘိုင်းဖုန်း ပေါက်ကွဲတာကြောင့် အမျိုးသမီးငယ်တစ်ဦး ဘယ်ဘက်လက်မောင်း ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်ရပ်တစ်ခု မန္တလေးတိုင်းဒေသကြီး ချမ်းမြေ့သာစည်မြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

အနားမှာထားအိပ်ပြီး နှစ်နာရီလောက်အကြာမှာ ထပေါက်တာဖြစ်ကာ  အသက် (၁၆)နှစ်အရွယ် မယုသဇင်ဖြိုးရဲ့ ဘယ်ဘက်လက်မောင်း လောင်ကျွမ်းဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲခဲ့တဲ့ ဖုန်းဟာ တရုတ်နိုင်ငံထုတ် Coolpad အမျိုးအစားဖြစ်ပြီး ဖုန်းဝယ်ယူတဲ့ အချိန်နဲ့ ဖုန်းမော်ဒယ်အမျိုးအစားကို မသိရှိဘူးလို့ မယုသဇင်ဖြိုးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

အားသွင်းထားတာ တစ်နာရီခွဲလောက်အထိကြာပြီး ပေါက်ကွဲတော့ အသံကျယ်တယ်လို့ ဟန်းဆက်ပေါက်ကွဲခြင်းနဲ့ပတ်သက်ပြီး မယုသဇင်ဖြိုးက ပြောထားပါတယ်။

Source: 7Day Daily
Photos :  U Zin Pan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ