Local News: ကုလသမဂ္ဂလေ့လာသူတွေ မောင်တောက ဘင်္ဂါလီကျေးရွာတွေကို သွားရောက်

ဘင်္ဂါလီတွေ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

play

 

လွန်ခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ မောင်တောနယ်မြေထဲကို  ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး ရီနာ တာဒက်စ်ဆယ်လီရန်နဲ့ နိုင်ငံတကာသံတမန်အဖွဲ့ဝင်တွေ  နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက ဘင်္ဂါလီကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပြီး ဘင်္ဂါလီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ လူ့အခွင့်အရေးချိုး ဖောက်မှုများရှိနေတယ်လို့ ပြည်  တွင်းသတင်းဌာနအချို့နဲ့ နိုင်ငံတကာမီဒီယာ၊ အဖွဲ့အစည်းအချို့က စွပ်စွဲရေးသားတာတွေ ရှိနေတဲ့အချိန်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရအဖွဲ့က ကုလသမဂ္ဂကိုယ်စားလှယ်တွေကို မောင်တောဒေသကို ၀င်ရောက်လေ့လာခွင့်ပြုခဲ့တာပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံတမန်အဖွဲ့တွေက နိုဝင်ဘာလ ၂ ရက်နေ့ ညနေမှာ မောင်တောမြို့ကနေ စစ်တွေမြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပြီး နိုဝင်ဘာ ၃ရက်မှာတော့ မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာတွေကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ