Local News: ရန်ကုန်တိုင်းမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀ အထိ မြင့်တက်

ဒီအညွှန်းကိန်းက မြင့်မားနေတဲ့ အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။

play

 

နေပြည်တော် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့တိုင်းတာချက်တွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁ဝ အထိ မြင့်တက်နေတယ်လို့ သိရပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၈ ထက်ကျော်ရင် မြင့်မားနေတဲ့ အနေအထားဖြစ်ပြီး ဆောင်းရာသီမှာ ခရမ်းလွန်ရောင်ခြည် မြင့်တက်တာမရှိဘူးလို့ မိုးဇလဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

play

 

လောလောဆယ်မှာတော့ ရခိုင်ပြည်နယ် တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးအဆင့်မှာ ရှိနေနိုင်ပြီး ကျန်ဒေသတွေမှာလည်း အနည်းငယ်မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

ခရမ်းလွန်ရောင်ခြည်တွေ လူ့ခန္ဓာကိုယ်ပေါ်ကို လွန်လွန်ကဲကဲ ကျရောက်ရင် အရေပြားကင်ဆာဖြစ်ပွားခြင်း၊ အရွယ်မတိုင်မီ အရေပြားရင့်ရော်လာခြင်း၊ မျက်စိတိမ်စွဲခြင်း၊ မျက်စိကင်ဆာစတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

Source : DMH

Photos : Yangon Coconut,GLMN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ