Local News: ကမ်းရိုးတမ်းဒေသတွေမှာ လေပြင်းအန္တရာယ် သတိပြုဖို့ မိုးဇလသတင်းထုတ်ပြန်

မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

play

 

ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာ ၃၁ ရက်ကစတင်ပြီး လေဖိအားနည်းရပ်ဝန်း တစ်ခုထပ်မံဖြစ်ပေါ်လာကာ နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ မုန်တိုင်းငယ်အဆင့်အထိ အားကောင်းလာလို့ ကမ်းရိုးတမ်းဒေသတွေမှာ လေပြင်းအန္တရာယ် သတိပြုဖို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၄ ရက် တိုင်းတာချက်တွေအရ မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီလေတိုက်နှုန်း ၃၅ မိုင်အထိ တိုက်ခတ်ပြီး မိုးသက်လေပြင်းအန္တရာယ်သတိပြုဖို့ သတင်းထုတ်ပြန်ထားတာပါ။

မုန်တိုင်းငယ်က အိန္ဒိယနိုင်ငံ ဗီဇာကာပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၁၃၀ခန့်၊ ပါရာဒစ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၇၀ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့ရဲ့အနောက်တောင်ဘက် မိုင် ၄၇၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး နောက် ၂ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ရောက်နိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Source & Photo  : DMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ