Local News: ကျောင်းသူတွေကိုမဖွယ်မရာလုပ်တဲ့ ကျောင်းဆရာကို အရေးယူဖို့ တိုင်ကြားထား

ကျောင်းသူ ၁၂ ဦးကို မဖွယ်မရာ ပြုလုပ်ခဲ့တာပါ။

play

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းက ကျောင်းသူတွေကို မဖွယ်မရာပြုလုပ်ခဲ့တယ်ဆိုတဲ့ ကျောင်းဆရာကို အရေးယူပေးဖို့ ပညာရေးဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

‘‘ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရုံးချုပ်ကိုတင်ပြထားတယ်။ ဘယ်လိုအရေးယူမှုတွေ ဆက်လုပ်မယ်ဆိုတာ ရုံးချုပ်ကပဲ ဆုံးဖြတ်မယ်။ သူကလည်း ကျူးလွန်မိတယ်လို့ ၀န်ခံပါတယ်"လို့ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောပါတယ်။

ကျောင်းသူ ၁၂ ဦးကို မဖွယ်မရာပြုလုပ်တယ်ဆိုပြီး မိဘအုပ်ထိန်းသူ ၁၂ ဦးက နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်တွေမှာ အမှု ၁၂ မှုဖွင့်လှစ်တိုင်ကြားခဲ့တာဖြစ်ပြီး အဆိုပါ ကျောင်းဆရာကို ဖမ်းဆီးစစ်ဆေးနေကာ ကျောင်းကနေ မထုတ်ပယ်သေးပေမယ့် လစာပေးတာကို ရပ်နားထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ