Local News: တာမွေဗလီမှတ်တိုင်မှာ ရမ်းကားတဲ့ မီနီဘတ်စ်ယာဉ်မောင်းနဲ့ ပိုင်ရှင်ကို အရေးယူ

လမ်းပြောင်းပြန်မောင်းပြီး တက္ကစီယာဉ်မောင်းကို ရိုက်နှက်ခဲ့ကြတာပါ။

play

 

နိုဝင်ဘာလ ၄ ရက် ည ၈ နာရီမှာ တာမွေဗလီနားမှာ  အငှားယာဉ်မောင်းတဲ့သူကို ရိုက်နှက်ခဲ့တဲ့တဲ့  (၁၀၇) မီနီဘတ်စ် ခရီးသည်တင်ယာဉ် ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တို့ကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

‘‘လိုင်းကားက လမ်းပြောင်း ပြန်လည်း မောင်းသေးတယ်။ သူတို့က အရင်ဆဲပြီး ဆင်းလာတာ။ ပြီးတော့ တက္ကစီသမားကိုလည်း သံတုတ်နဲ့ ၀ိုင်းရိုက်တာ။ ဘေးက အမြင်မတော်တဲ့သူတွေ ၀င်ဆွဲလို့။ ၀င်များမဆွဲရင် ကားသမားတော့ ဆေးရုံရောက်နေလောက်ပြီ။ လိုင်းကားသမားတွေ မိုက်ရိုင်းတဲ့သူတွေ အတော်များလာပြီ’’လို့ မျက်မြင် တွေ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးထားမိတဲ့ (၁၀၇)ယာဉ်ပိုင်ရှင်က အသက်(၂၈)နှစ်အရွယ် အာကာဖြစ်ပြီး ယာဉ်မောင်းက အသက် (၂၈)နှစ်အရွယ် ထွန်းလင်းအောင်ဖြစ်ကာ ယာဉ်မောင်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ်ကို မောင်းနှင်ခဲ့တာဖြစ်ပြီး ၂၀၁၅ မော်တော်ယာဉ် ဥပဒေအတိုင်း အမှုဖွင့်ထားတယ်လို့  တာမွေရဲစခန်း ရဲအရာရှိတစ်ဦး ကပြောပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ