Local News: အစာရေစာအရှားပါးဆုံး နိုင်ငံတွေမှာမြန်မာနိုင်ငံပါဝင်

ကမ္ဘာ့အဆင့်အောက်ဆုံး နိုင်ငံ ၅၀ စာရင်းမှာ ပါဝင်နေပါတယ်။

play

 

၂၀၁၆ အောက်တိုဘာလ မှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု ညွှန်းကိန်း အစီရင်ခံစာအရ မြန်မာနိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အစာရေစာရှားပါးမှု အဆိုးဝါးဆုံး နိုင်ငံတစ်ခုဖြစ်နေပြီး ကမ္ဘာ့အဆင့်အောက်ဆုံး နိုင်ငံ ၅၀ စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု ညွှန်းကိန်း အစီရင်ခံစာကပေးအပ်ထားတဲ့ ရမှတ် ၂၀ ကနေ ၃၄.၉ အထိ ရရှိတဲ့ နိုင်ငံတွေကို အစာရေစာဆိုးဝါးစွာ ရှားပါးနေတဲ့ နိုင်ငံအဖြစ် သတ်မှတ်ရာမှာ မြန်မာနိုင်ငံက မြောက်ကိုရီးယား၊ ရ၀မ်ဒါ၊ နီပေါတို့နဲ့အတူ အစာရေစာရှားပါးမှု ဆိုးဝါးစွာ ကြုံတွေ့နေရတဲ့ နိုင်ငံတွေမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

play

 

လွန်ခဲ့တဲ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့သူ ရာခိုင်နှုန်းထက်ဝက်လောက် လျော့ကျခဲ့ပေမယ့် ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု ညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံက  အစာရေစာရှားပါးမှုနှုန်း ရမှတ် ၂၂ မှတ်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ အစားအစာမူဝါဒ သုတေသန အင်စတီကျုက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းက နိုင်ငံတစ်ခုရဲ့ အစာရေစာရှားပါးတွေ၊ အာဟာရချို့တဲ့မှု၊ ကလေးတွေ  ကြီးထွားနှုန်းစံမမီမှု၊ ကလေးငယ်တွေ ကိုယ်အလေးချိန်နိမ့်ကျမှုနဲ့ ကလေးသေဆုံးမှုတို့အပေါ်ကို အခြေခံတွက်ချက်ထားတာလို့ ဆိုပါတယ်။

Source & Photos : WFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ