Local News: ရန်ကုန်မြို့ထဲမှာ မီနီဘတ်စ်တွေပဲ ပြေးတော့မယ်

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်မှာ ပြေးဆွဲမှာပါ။

play
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မီနီဘတ်စ်တစ်စီးကို တွေ့ရစဉ်။

 

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ဖြစ်တဲ့ လမ်းမတော်၊ လသာ၊ ပန်ပဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်နဲ့ ပုဇွန်တောင်မြို့နယ် တွေမှာ ထိုင်ခုံမပါတဲ့ မီနီဘတ်စ်ကားတွေကိုပဲ ပြေးဆွဲခွင့်ပြုတော့မယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

play

 

ရန်ကုန်မြို့ထဲမှာ ယာဉ်ကြောကျပ်တည်းတာတွေကို ဖြေရှင်းတဲ့အနေနဲ့ မီနီဘတ်စ်တွေကိုပဲ ပြေးဆွဲခွင့်ပြုဖို့ စီစဉ်တာဖြစ်ပြီး ဒီမြို့နယ်တွေထဲကို အခြားယာဉ်လိုင်းတွေဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မီနီဘတ်စ်ယာဉ်လိုင်းတွေအတွက် မှတ်တိုင်တွေ သတ်မှတ်ပေးသွားမှာဖြစ်ပြီး  မြို့တွင်းလမ်းတွေမှာပဲ ပြေးဆွဲမှာဖြစ်ကာ ရန်ကုန်မြို့ထဲမှာ ယာဉ်ကြောကြပ်တည်းတဲ့ လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း စတဲ့လမ်းမကြီးတွေမှာပြေးဆွဲသွားမယ်လို့ သိရပါတယ်။

Source : 7DayTV

Photos : MBT,Ayay Kyo Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ