Local News: ရွှေလီနဲ့ ကျယ်ဂေါင်မှာ မြန်မာတွေကို တရုတ်ရဲက ဖမ်းဆီးငွေညှစ်နေ

မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကို  လိုက်လံစစ်ဆေးပြီး BP/TBP ကတ်တွေကို ဆုတ်ဖြဲဖျက်ဆီးကာ ဖမ်းဆီးမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတပ်ဖွဲ့ ၀င်တွေက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးတာတွေနဲ့ လက်မှတ်ဆုပ်ဖြဲ ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာတွေကို ပြန်လည်လွှဲပြောင်းပေးဖို့  မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက ရွှေလီပြည်ပရေးရာဌာနမှူးထံသို့ နိုဝင်ဘာ ၄ ရက်က တောင်းဆိုစာပို့ထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 အောက်တိုဘာ ၂၉ ရက်က စတင်ကာ တရုတ်နိုင်ငံရွှေလီမြို့နဲ့ ကျယ်ဂေါင်မြို့ရဲစခန်းတွေက ရဲတွေဟာ နှစ်နိုင်ငံအစိုးရ အသိအမှတ်ပြုထားတဲ့ နယ်စပ်ဖြတ်ကျော်ကတ်နဲ့ယာယီနယ် စပ်ဖြတ်ကျော်ကတ်(BP/TBP)ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကို  လိုက်လံစစ်ဆေးပြီး BP/TBP ကတ်တွေကို ဆုတ်ဖြဲဖျက်ဆီးကာ ဖမ်းဆီးမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ လုပ်ရပ်ကြောင့် ချစ်ကြည်ရင်းနှီးစွာနေထိုင်တဲ့ နှစ်နိုင်ငံပြည်သူတွေအကြား မလိုလားအပ်တဲ့ သဘောထားကွဲလွဲမှုတွေ မဖြစ်ပေါ်စေရေးနဲ့ မတရားဖမ်းဆီးခံထားရတဲ့ မိမိတို့ မြန်မာနိုင်ငံသားတိုင်းရင်းသားများ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သလို ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ချစ်ကြည်ရင်းနှီးစွာ အသိပေး မေတ္တာရပ်ခံအပ်ပါတယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်ထွန်းက ရွှေလီပြည်ပရေးရာဌာနမှူးထံပေးပို့တဲ့ စာမှာ ရေးသားထားတယ်လို့ သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ