Local News: ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူတွေလဲပေးတဲ့အချိန် တိုးမြှင့်

၂ဝ၁၇ မတ် ၃၁ ရက်အထိ တိုးမြှင့် ခွင့်ပြုထားပါတယ်။

play

 

ပြည်တွင်းမှာလည်ပတ်အသုံးပြုနေတဲ့ ဟောင်းနွမ်းစုတ်ပြဲပြီး ချို့ယွင်းနေတဲ့ ငွေစက္ကူတွေ ပပျောက်စေဖို့  ငွေစက္ကူလဲလှယ်ပေးတဲ့ စီမံချက်သက်တမ်းကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ တိုးမြှင့်ခွင့်ပြုထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးထံကနေ သိရပါတယ်။

တစ်ကျပ်တန်ကနေ စတင်ပြီး ကျပ် ၅ဝဝဝ တန်အထိ လဲလှယ်ပေးဖို့  နိုင်ငံပိုင်ဘဏ်တွေကို ဗဟိုဘဏ်က ညွှန်ကြားထားပြီး ထက်ပိုင်းပြတ်နေတဲ့ ငွေစက္ကူနှစ်ခုအား ဆက်ထားရင်လည်း ငွေစက္ကူနှစ်ခု တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဖြေလျှော့လဲလှယ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

play

 

ဒါ့အပြင် ငွေစက္ကူရဲ့ မျက်နှာစာတစ်ဖက်မှာ အင်္ဂလိပ် (သို့မဟုတ်) မြန်မာအက္ခရာနဲ့ ဂဏန်းအပြည့်အစုံပါရှိပြီး မျက်နှာပြင်ဧရိယာ သုံးပုံနှစ်ပုံထက် မငယ်တဲ့ ငွေစက္ကူတွေနဲ့ ထက်ဝက်ကျော်ပျက်စီးနေတဲ့ ငွေစက္ကူတွေကိုပါ လက်ခံလဲလှယ်ပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကျပ် ၅ဝဝဝ တန် ငွေစက္ကူတွေက အစစ်အမှန်ဖြစ်ပြီး ဟောင်းနွမ်း၊ စုတ်ပြဲ၊ ဆီစွန်း၊ ဓာတ်ဆီ၊ ဆိုးဆေးစွန်းနေပေမဲ့ ထက်ဝက်ထက်ကျော်တဲ့ ငွေစက္ကူတွေကို ကျောဘက်မှာ စက္ကူ၊ တိပ်ကပ်စရာမလိုဘဲ လက်ခံလဲလှယ်ပေးမှာဖြစ်ပြီး  မီးလောင်၊ခြကိုက်၊ ဆွေးမြည့် စတဲ့ ငွေစက္ကူတွေတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာပဲ  လဲလှယ်နိုင်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ထောက်ခံချက်မူရင်း၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်မိတ္တူတွေ ပူးတွဲလျောက်ထားနိုင်တယ်လို့ သိရပါတယ်။

Source : Myawaddy

Photos : bobolight,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ