Local News: အထပ်မြင့်တွေနိုဝင်ဘာမှာ ပြန်ဆောက်ရတော့မယ်

အဆောက်အအုံ ၁၃၀ ကျော်ထဲက ၁၂၀ ကျော်ကို ပြန်ဆောက်ခွင့်ပြုခဲ့တာပါ။

play

 

ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားခဲ့တဲ့ ရန်ကုန်မြို့ထဲက အထပ်မြင့်အဆောက်အအုံ ၁၃၀ ကျော်ထဲက ၁၂၀ ကျော်ကို နိုဝင်ဘာလထဲမှာ ပြန်လည်ဆောက်ခွင့် ပြုသွားမယ်လို့ မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံတွေ တည်ဆောက်မှု စိစစ်ရေးကော်မတီဝင် ဦးရဲမင်းဦးက ပြောပါတယ်။

play

 

ခွင့်ပြုချက်မရဘဲ ကျန်နေတဲ့အဆောက်အအုံ ဆယ်လုံးကတော့ ဆောက်လုပ်မယ့်နေရာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဖို့ ကျန်ရှိနေတာဖြစ်ပြီး ဆောက်လုပ်ခွင့်ပြန်ပေးလိုက်တဲ့ အဆောက်အအုံတွေက မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောက်လုပ်ဖို့  ကော်မတီက စိစစ်ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အဆောက်အအုံတွေကို မြို့ပြအင်္ဂါရပ်နဲ့ ညီ၊ မညီ စစ်ဆေးဖို့အတွက် လွန်ခဲ့တဲ့ မေလကစပြီး တည်ဆောက်မှုတွေကို ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ၆ လနီးပါးရပ်ဆိုင်းထားရတဲ့ အဲဒီအဆောက်အအုံတွေကို ကော်မတီက စိစစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကို တင်ပြပြီး တစ်လအကြာမှာ အခုလို ပြန်လည်ဆောက်လုပ်ခွင့် ပြုခဲ့တာပါ။

Source : rfa

Photos : mbt

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ