Local News: စစ်တွေအခြေစိုက်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်ရဲ့ လက်နက်ခဲယမ်းတိုက် ပေါက်ကွဲ

ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေကာ အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်ပတ်သက်မှုရှိ၊ မရှိကို စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

play

 

စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ရဲ့ လက်နက်ခဲယမ်းတိုက် ပေါက်ကွဲမှုကြောင့် ၇၆ မမ ကျည်အလုံးရေ ၂၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဟာ  နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး  ထိခိုက်ဒဏ်ရာ ရတာတွေမရှိခဲ့ပါဘူး။

ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်နက်တိုက်မှာရှိတဲ့ ခဲယမ်းတွေရဲ့ ချို့ယွင်းမှုကြောင့် ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ၇၆ မမ အလုံးရေ ၂၄၀ ပျက်စီးသွားကာ  ၁၂၀ မမ အလုံးရေ ၂၄၀ ကိုတော့ ထိန်းသိမ်းလိုက်နိုင်ပါတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ပြောကြားထားပါတယ်။

နေ့လယ် ၁ နာရီ ၁၀ မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ပဏာမစစ်ဆေးတွေ့ရှိချက်တွေအရ ဓာတုပစ္စည်းတွေရဲ့ ဓာတုဂုဏ်သတ္တိဆိုင်ရာ ဓာတ်ပြယ်မှုကြောင့်ဖြစ်နိုင်ပြီး ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေကာ အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်ပတ်သက်မှုရှိ၊ မရှိကို စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ