Local News: တစ်လင်တစ်မယား ဥပဒေနဲ့အမှုဖွင့်ဖို့ လှိုင်သာယာရဲစခန်းကို တစ်ရက်တည်း လာဆွေးနွေးတဲ့သူ ငါးဦးရှိ

ဆွေးနွေးသူ ငါးဦးထဲက တစ်ဦင်္းပဲ အမှုဖွင့်သွားတယ်လို့ ဆိုပါတယ်။

play

 

တစ်လင်တစ်မယား ဥပဒေနဲ့အမှုဖွင့်ဖို့ လွန်ခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က လှိုင်သာယာမြို့နယ်ရဲစခန်းမှာ လာရောက်ဆွေးနွေးသူ ငါးဦးရှိတယ်လို့ လှိုင်သာယာမြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အမှုဖွင့်ဖို့ မေးမြန်းစုံးစမ်းရာမှာ ကျခံရမယ့် ထောင်ဒဏ်၊ စွဲဆိုရမယ့် ပုဒ်မ၊ အမှုဖွင့်ဖို့ လိုအပ်တဲ့အချက်တွေကို ရှင်းပြပြီးနောက် လာရောက် ဆွေးနွေးသူ ၅ ဦးထဲက ၁ ဦင်္းပဲ အမှုဖွင့်သွားတယ်လို့ ဆိုပါတယ်။

“ တချို့က လာတိုင်ပြီးတော့ မဖွင့်ချင် ဖြစ်သွားတယ်။ ဖွင့်ရင် ထောင်ဒဏ် ဘယ်လောက်ကြမယ်၊ လာပြီးတော့ အကြံဉာဏ် တောင်းတာပေါ့။ ဒီပုဒ်မဖွင့်ရင် ဘယ်လောက်ရှိသလဲ ဒီပုဒ်မဖွင့်ရင် ဘာတွေ လိုအပ်သလဲဆိုတာ လာမေးကြတယ်။ ဒီနေ့ပဲ ငါးဦးလာမေးကြတယ်"လို့ လှိုင်သာယာမြို့မ ရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထပ်မှာပြဋ္ဌာန်းခဲ့တဲ့ မျိုးစောင့်ဥပဒေ လေးခုထဲက တစ်လင်တစ်မယားဥပဒေကို နောက်ဆုံးအတည်ပြုခဲ့တာဖြစ်ပြီး  ဥပဒေ လေးခုမှာ တစ်လင်တစ်မယားဥပဒေက အငြင်းပွားရဆုံး ဥပဒေဖြစ်ကာ ဥပဒေမှာ အခန်း ခြောက်ခန်းနဲ့ ပုဒ်မ ၂၁ ခုပဲပါရှိတယ်လို့ သိရပါတယ်။

Source : The Ladies News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ