Local News: အရင်အစိုးရ အခွန်မကောက်လို့ လမ်းဘေးဈေးသည်တွေ များနေတာလို့ ရန်ကုန်မြို့တော်ဝန်ပြော

အခွန်ပြန်ကောက်ဖို့ ပြန်စဉ်းစားနေတယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်မြို့ထဲမှာ လမ်းဘေးဈေးသည်တွေ တစ်နှစ်ထက်တစ်နှစ်များလာပြီး စည်းကမ်းမဲ့ဈေးရောင်းချတာတွေဖြစ်နေတာက အရင် အစိုးရလက်ထက်က လမ်းဘေးဈေးသည်တွေကို အခွန်၊ အခကောက်ခံမှု ရပ်ဆိုင်းခဲ့တာကြောင့်ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒုတိယအကြိမ် ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

"စီးပွားရေးလုပ်မယ်ဆိုရင် အမြတ်ကို အခွန်ပေးရမယ်၊ စီးပွားရေးလုပ်ရင် အခပေးရမယ်၊ အခွန်အခတွေ ရပ်လိုက်တော့ ဒီပြဿနာကို အစမွေးလိုက်တဲ့အခြေအ နေမျိုးဖြစ်လာတယ်၊ လူတွေက ရပ်ချင်တဲ့ နေရာရပ်တယ်၊ ရောင်းချင်တဲ့နေရာမှာ ရောင်းတယ်”လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။

play

 

အခွန်၊အခကောက်ခံတာတွေကို ရုပ်သိမ်းလိုက်လို့ ဝန်ထမ်းအချို့ရဲ့ ငွေတောင်းခံမှု ယိုပေါက်တွေဖြစ်ပေါ်လာကာ ဝန်ထမ်းတွေကို အကျင့်ဖျက်တဲ့လမ်းကြောင်းပေါ် တင်ပေးလိုက်သလို ဖြစ်လာတာကြောင့် လမ်းဘေး ဈေးရောင်းချတာကို အခွန်၊ အခပြန် ကောက်ခံဖို့ စဉ်းစားနေပြီး တရားဝင် အခွန်ကောက်ခံရင်လည်း ပြည်သူပိုင်မြေနေရာကို သုံးချင်သလိုသုံးပုံစံဖြစ်မှာကိုလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အရင်အစိုးရလက်ထက်က လမ်းဘေးဈေးသည်တွေအတွက် နေရာပေးဖို့ နှစ်ထပ်ဈေးရုံတွေကို ဆောက်လုပ်ခဲ့ပေမဲ့ လက်တွေ့မှာ ဈေးရုံတွေကနေရာတွေကို ပြန်လည်ရောင်းချကြပြီး မူလနေရာ လမ်းဘေးမှာပဲ ပြန်လည်ရောင်းချနေတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

Source : Kumudra

Photos : Fathom,mbt

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ