Local News: ကျော်ကိုကိုမပါလို့ တိုက်စစ်မှူးတွေအတွက် ဖိအားမရှိလို့ မြန်မာလက်ရွေးစင် သန်းပိုင်သုံးသပ်

ိ - တိုက်စစ်ပိုင်းအားနည်းနေတယ်လို့ ဝေဖန်တာတွေ ကြုံတွေ့နေရပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲရဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းလူစာရင်းမှာ နာမည်ကျော်တိုက်စစ်မှူး ကျော်ကိုကို မပါဝင်နိုင်ပေမဲ့ လူငယ်တိုက်စစ်မှူးတွေအတွက် ဖိအားမရှိဘူးလို့ မြန်မာအသင်းတိုက်စစ်မှူး သန်းပိုင်က ပြောပါတယ်။

ဥရောပနိုင်ငံတွေမှာ ခြေစမ်းပွဲသွားရောက်ကစားတဲ့အချိန်မှာ အသင်းတိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ ကျော်ကိုကိုနဲ့ သီဟဇော်တို့ကို ပြန်လည်လွှတ်ပြီးနောက်ပိုင်း မြန်မာအသင်းမှာ အောင်သူ၊ ဝင်းနိုင်စိုး၊ သန်းပိုင်၊ ကောင်းဆက်နိုင်စတဲ့ လူငယ်တိုက်စစ်မှူးတွေပဲ ကျန်နေတော့ပေမဲ့ ကျော်ကိုကိုမရှိတော့လို့ ကျန်တဲ့တိုက်စစ်မှူးတွေအတွက် ဖိအား ထူးထူးခြားခြားမရှိဘူးလို့ သန်းပိုင်က ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားအသင်းနဲ့ ခြေစမ်းပွဲမှာ ကစားခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းရဲ့ ခြေစွမ်းပိုင်းက အားနည်းပြီး တိုက်စစ်ပိုင်းအားနည်း နေတယ်လို့ ဝေဖန်မှုတွေ ကြုံတွေ့နေရပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက နိုဝင်ဘာ ၂၀ ရက်မှာ ဗီယက်နမ်အသင်းနဲ့ ဆူဇူကီးပြိုင်ပွဲအဖွင့်ပွဲ စတင်ကစားရမှာဖြစ်ကာ နိုဝင်ဘာ ၁၄ ရက် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အိုမန်အသင်းနဲ့ ခြေစမ်းပွဲကစားပြီးရင် ဆူဇူကီးပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်း ထုတ်ပြန်မှာဖြစ်ပါတယ်။

Source & Photo : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ