Local News: ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ကြိုးစားနေ

နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်းလည်း ညှိနေကြတယ်။

play

 

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့  မြန်မာနိုင်ငံသား ၂၅ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ကြိုးစားနေပြီး အဆိုပါ  မြန်မာလုပ်သားတွေဟာ တရားမ၀င် သွားရောက်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

လွန်ခဲ့တဲ့  လေးနှစ်ခန့်က လုပ်ငန်းခွင်ကနေ  ထွက်ပြေးမှုကြောင့် အလုပ်ရှင်ရဲ့ တရားစွဲဆိုမှုခံရကာ နေရပ်ပြန်ဖို့ တားမြစ်ခံထားရမှုတွေ ရှိနေတာ ဖြစ်ပါတယ်။  ပြန်လည်ခေါ်ယူနိုင်ဖို့ ယခင်အစိုးရလက်ထက်ကတည်းက ကြိုးစားခဲ့ပေမဲ့ ဆော်ဒီနိုင်ငံရဲ့ ဥပဒေအရ ပြန်လည်ခေါ်ယူဖို့ အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။

အလုပ်ရှင်ဘက်က လျော်ကြေးရယူလိုတဲ့သဘောလည်း ရှိနေပြီး အမှုမှာ အလုပ်ရှင်ဘက်က သာနေတာကြောင့်  အလုပ်သမားတွေ ပြန်လာလို့ မရဘူး ဖြစ်နေကာ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်းလည်း ညှိနေကြတယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောထားပါတယ်။

အလုပ်သမားတွေကို ပြန်လည်ခေါ်ယူပြီးတဲ့အခါမှာ သူတို့ကိုခေါ်ယူပို့ဆောင်တဲ့ လုပ်ငန်းကို စုံစမ်းဖော်ထုတ်မယ်လို့လည်း သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ