Local News: နတ်ရွာစံထိုင်းဘုရင်မင်းမြတ်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဂါရဝပြု လွမ်းသူ့ပန်းခွေချ

လွမ်းသူ့ပန်းခွေချအခမ်းအနားကို တက်ရောက်ဖို့ တစ်ရက်တာခရီး သွားရောက်ခဲ့တာပါ။

play

 

နိုင်ငံတော်သမ္မတဦးထင်ကျော်က ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံတဲ့အတွက် ဂါရ၀ပြု လွမ်းသူ့ပန်းခွေချအခမ်းအနားကို တက်ရောက်ဖို့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို  ဒီနေ့(နိုဝင်ဘာ ၉)မှာ တစ်ရက်တာခရီးရောက်ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၀ မိနစ်က ထိုင်းဘုရင့်နန်းတော် Dusit Maha Prasat Throne Hall မှာ နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒက်ရှ်ကို  ဂါရ၀ပြု လွမ်းသူ့ပန်းခွေချခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်နတ်ရွာစံတဲ့အတွက် ၀မ်းနည်းကြောင်း မှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မွန်းလွဲပိုင်းမှာ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကိုသွားရောက်ပြီး သံရုံး အဆောက်အအုံသစ် ဆောက်လုပ်နေတာတွေကို  ကြည့်ရှုစစ်ဆေးခဲ့ကာ သံရုံး/စစ်သံရုံး ၀န်ထမ်းမိသားစုများ၊ မြန်မာပညာတော်သင်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ပြန်လည်ရောက်ရှိမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Source & Photos : Ministry of Foreign Affairs Myanmar Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ