Local News: ဒေါ်နယ်ထရန့်လက်ထက် အမေရိကန်-မြန်မာဆက်ဆံရေး ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ဦးဇော်ဌေး ပြောကြား

အရေးယူဒဏ်ခတ်ပိတ်ဆို့ထားခဲ့မှုတွေကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်ခဲ့ကြသူတွေ ဖြစ်တဲ့ ဂျွန်မက်ကိန်း၊ မစ်ခ်ျမက်ကွန်းနဲလ်တို့ဟာ ရီပက်ဘလစ်ကန်အမတ်တွေဖြစ်တယ်။

play

 

ထရန့်အစိုးရလက်ထက်မှာ အမေရိကန်-မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်တယ်လို့ သိရပါတယ်။

ထရန့်အနေနဲ့ မြန်မာအကြောင်းကို အခုအချိန်မှာ သေချာမသိဘူးဆိုပေမဲ့ သူသိလာတဲ့အခါကျရင် နှစ်နိုင်ငံဆက်ဆံရေးက ပိုကောင်းမွန်လာမှာဖြစ်ပါတယ်လို့ ဦးဇော်ဌေးက ပြောကြားတာ ဖြစ်ပါတယ်။ မြန်မာနဲ့ ရုရှားကြားမှာ နှစ်နိုင်ငံ သဘောတူညီချက်တွေရှိခြင်း၊ တရုတ်နဲ့ အိမ်နီးချင်းဖြစ်ခြင်း၊ ထရန့်နဲ့ ရုရှားသမ္မတကြား အပြန်အလှန်ထောက်ခံမှု၊ ထရန့်၏တရုတ်မူဝါဒနဲ့ စတာတွေကြောင့် မြန်မာနဲ့ ထရန့်အစိုးရကြား ဆက်ဆံရေးပိုကောင်းလာနိုင်တာ ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

 မြန်မာအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ထားခဲ့မှုတွေကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်ခဲ့ကြသူတွေ ဖြစ်တဲ့ ဂျွန်မက်ကိန်း၊ မစ်ခ်ျမက်ကွန်းနဲလ်တို့ဟာ ရီပက်ဘလစ်ကန်အမတ်တွေဖြစ်ပြီး လာမယ့်အမေရိကန်လွှတ်တော်သစ်နှစ်ရပ်မှာ  ရီပက်ဘလစ်ကန်တွေ လွှမ်းမိုးလာမှာဖြစ်တာကြောင့်လည်း  မြန်မာနဲ့ဆက်ဆံရေးပိုကောင်းလာနိုင်တာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

Source: 7Day Daily
Photos : AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ