play

 

အမေရိကန်သမ္မတအသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်ဟာ  မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး အလေးထားဆောင်ရွက်မယ့်သူမဟုတ်ဘဲ အကူအညီပေးမှုတွေ လျှော့ချလာဖွယ်ရှိတယ်လို့  အမေရိကန်ရောက် မြန်မာတွေက သုံးသပ်ထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြပါတယ်။ 

ဒေါ်နယ်ထရန့်ဟာ သမ္မတအိုဘားမားလို မြန်မာနိုင်ငံအရေးအပေါ် အလေးထား ဆောင်ရွက်မှာမဟုတ်ဘဲ မြန်မာနိုင်ငံကို လာရောက်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မှုကိုပါ လျှော့ချလာဖွယ်ရှိသူ ဖြစ်တာကြောင့် စိုးရိမ်မိကြောင်း အမေရိကန်ရောက် မြန်မာတွေက ပြောကြားထားပါတယ်။

အိုဘားမားလိုတော့ အာရှကို အလေးထားမှာ မဟုတ်တာကြောင့် မြန်မာနဲ့ဆက်ဆံရေးကို အလေးထားဆောင်ရွက်မှာ မဟုတ်ဘဲ သူ့အရင် ရီပတ်ဘလစ်ကန်သမ္မတ ဘုရှ်လည်း မြန်မာအပေါ်သာမန်ပဲရှိခဲ့တယ်လို့ ဝါရှင်တန်မြို့မှာ နေထိုင်သူတစ်ဦးက သုံးသပ်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာတွေဟာ အမေရိကန်ရွေးကောက်ပွဲကို စိတ်ဝင်စားခဲ့ကြပြီး ဟီလာရီကလင်တန်နိုင်စေချင်ကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ကြပါတယ်။

Photos & Source: 7Day Daily, Reuter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video