play

 

ရန်ကုန်မြို့တော်ဝန်အနေနဲ့ လွှတ်တော်ကိုလာရောက်ပြီး ကိုယ်စားလှယ်တွေမေးတဲ့ မေးခွန်းတွေကို ဖြေဆိုတဲ့နေရာမှာ အဖြေတွေကို အဆင်သင့်ပြင်ထားသင့်တယ်လို့  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဝေဖန်ပြောကြားလိုက်ပါတယ်။

တိုင်းအစိုးရနဲ့ အကျိုးတူလုပ်ကိုင်တဲ့ ကုမ္ပဏီတွေက ပေးသွင်းဖို့ကျန်တဲ့ ငွေတွေကို နိုင်ငံတော်ကို ဆက်လက်ပေးသွင်းမှုရှိ၊ မရှိနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးရဲ့ ဖြေကြားချက်တွေက လုံးထွေးနေပြီး အဲဒီအဖြေအတွက် ကျေနပ်မှုမရှိဘူးလို့ ဒေါ်စန္ဒာမင်းက ပြောကြားခဲ့တာပါ။

‘‘ကျွန်မတို့ လွှတ်တော်က မေးတဲ့အချိန်မှာ ကျွန်မတို့ကို လာ ဖြေတယ်ဆိုလို့ရှိရင်တော့ အဖြေ အဆင်သင့်ဖြစ်ဖို့ ကောင်းပါတယ် လို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင် ပါတယ်။ အခု YCDC အနေနဲ့ ဖြေသွားတဲ့မေးခွန်းတွေက လုံးထွေး ပြီးတော့မှ အဖြေတစ်ခုအနေနဲ့ ကျေနပ်မှုမရရှိဘူးဆိုတာ ကျွန်မ အနေနဲ့ ပြောချင်ပါတယ်’’ ဒေါ်စန္ဒာမင်းက ဝေဖန်ခဲ့ပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video