Local News: ကညင်ချောင်း နယ်ခြားစောင့်ရဲကင်းစခန်းကို လာရောက်တိုက်ခိုက်သူ နှစ်ဦးကိုဖမ်းမိ

အကြမ်းဖက်သမား သုံးဆယ်လောက်က နိုဝင်ဘာ ၉ ရက် ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။

play
အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်ခဲ့သည့် ကညင်ချောင်းရဲကင်းစခန်းကိုတွေ့ရစဉ်။

 

မောင်တောမြို့နဲ့ သုံးမိုင်လောက်အကွာမှာရှိတဲ့ ကညင်ချောင်း (ချောင်းဝ) နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက်တိုက်ခိုက် သူတွေက နိုဝင်ဘာလ ၈ ရက်နေ့က လာရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အကြမ်းဖက်သမား နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကညင်ချောင်းရဲကင်းစခန်းကို အကြမ်းဖက်သမားသုံးဆယ်လောက်က ညနေ ၆ နာရီလောက်မှာ ၀ိုင်းဝန်းတိုက်ခိုက်လို့ ရဲကင်းစခန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ အကြမ်းဖက်သမားနှစ်ဦးကို သေနတ်ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့တာလို့ နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးရမိထားသူ နှစ်ဦးထဲက တစ်ဦးမှာ ရင်ဘတ်သေနတ် ဒဏ်ရာတစ်ချက်နဲ့ ကျန်တစ်ဦးက ဒူးခေါင်းဒဏ်ရာနဲ့ မောင်တောမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ