Local News: ရှစ်လအတွင်း မူးယစ်ဆေးဖမ်းမိတာ အရင်နှစ်ထက်ပိုများ

ပထမရှစ်လအတွင်းမှာ အမှုပေါင်း ၂၇၅ မှုနဲ့ တရားခံ ၃၇၉ ဦး ဖမ်းမိထားပါတယ်။

play

 

၂၀၁၆ ခုနှစ် ပထမရှစ်လအတွင်း ရန်ကုန်တိုင်းထဲမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအရေအတွက်က ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးမှာ ဖမ်းဆီးရမိခဲ့တဲ့ အရေအတွက်ထက် ပိုများနေတယ်လို့ မြန်မာနိုင်ငံ မူးယစ်အထူးတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီနှစ် ဇန်နဝါရီကနေ သြဂုတ်လအထိ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အမှုပေါင်း ၂၇၅ ခုနဲ့ တရားခံ ၃၇၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဒီအထဲမှာ ဘိန်းဖြူ  ၄၈ မှုနဲ့ စိတ်ကြွဆေး ၁၉၆ မှု ပါဝင်တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က မူးယစ်ဆေးဝါးအမှုပေါင်း ၂၇၀ နဲ့ တရားခံ ၃၆၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၁၉၉ မှုနဲ့ တရားခံ ၂၉၆ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ မူးယစ်အထူးတပ်ဖွဲ့ခွဲ (၃)က ဒု-ရဲမှူးမျိုးမြင့်က ပြောပါတယ်။

ဒီဖမ်းဆီးရမှုတွေက မူးယစ်အထူးအဖွဲ့က ဖမ်းဆီးတာတွေဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့တွေက ဖမ်းဆီးတာမပါသေးဘဲ လက်ရှိ ရန်ကုန် မူးယစ်ဆေးဝါး ဈေးကွက်မှာ ဘိန်းစိမ်း ၁ ကီလိုဂရမ်ကို ၂ သောင်းခွဲကနေ ၃ သောင်း၊ ဘိန်းဖြူ  ၁ ကီလိုဂရမ်ကို ကျပ်သိန်း ၇၀၀ ကနေ ၈၀၀၊ ဆေးခြောက် ၁ ကီလိုဂရမ်ကို ၃ သိန်းခွဲနဲ့ WY ဆေးပြား ၁ ပြားကို ကျပ် ၃၅၀၀ နှုန်း ပတ်ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။

Source & Photos : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ