Local News: အင်းစိန်ဆေးရုံမှာ ဆေးကုနေတဲ့ အကျဉ်းသားတစ်ဦး ထွက်ပြေး

ပြေးသွားတာကို သိတဲ့အချိန်က ၁ နာရီခွဲ ၂ နာရီလောက်ရှိပြီလို့လည်း ပြောထားပါတယ်။

play

 

အင်းစိန်အကျဉ်းထောင်က အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံကို တက်ရောက်ကုသနေစဉ်မှာ ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်းစိန်အကျဉ်းထောင်မှာ မူးယစ်ပုဒ်မ ၁၉ (က)နဲ့ ထောင်ဒဏ်အနှစ် ၄၀ ကျခံနေရတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အင်းစိန်ဆေးရုံကို တက်ရောက်ကုသစဉ် ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

အင်းစိန်ဆေးရုံ ခွဲစိတ်ဆောင်ကနေ ထွက်ပြေးသွားတာဖြစ်ပြီး  သံကြိုးဖြတ်ကာ အစောင့်ရှိရဲ့သားနဲ့ ပြေးသွာတာဖြစ်တယ်လို့  အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။ ပြေးသွားတာကို သိတဲ့အချိန်က ၁ နာရီခွဲ ၂ နာရီလောက်ရှိပြီလို့လည်း ပြောထားပါတယ်။

အောက်တိုဘာ လကုန်ပိုင်းကတည်းက အင်းစိန်ဆေးရုံ ခွဲစိတ်ကုသဆောင်မှာ  တက်ရောက်ဆေးကုသမှု ခံယူနေတာဖြစ်ပြီး တစ်ပတ်ကျော်အကြာမှာ ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ