Local News: အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်မယ်

မြန်မာနိုင်ငံကို သုံးကြိမ်ထက်မနည်း လာရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

play

 

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ရပ်ဆဲလ်ဦးဆောင်တဲ့ အမေရိကန်ဌာနပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေး ဖွင့်ပွဲအစည်းအဝေးကို တက်ရောက်ဖို့ နိုဝင်ဘာ ၁၅ ရက်မှာ  မြန်မာနိုင်ငံကို လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၁၃ ရက်ကနေ  ၁၈ ရက်အထိ စင်ကာပူ၊ မြန်မာ၊ ပီရူး သုံးနိုင်ငံ ခြောက်ရက်ကြာခရီးစဉ် ထွက်ခွာလာတာဖြစ်ပြီး စင်ကာပူကတစ်ဆင့် မြန်မာနိုင်ငံကို  လာရောက်မှာ ဖြစ်ပါတယ်။

မစ္စတာရပ်ဆဲလ်ဟာ  မြန်မာနိုင်ငံကို သုံးကြိမ်ထက်မနည်း လာရောက်ခဲ့ဖူးသူဖြစ်ပြီး မြန်မာ့ရွေးကောက်ပွဲရလဒ်ဟာ မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်လင့်ထားသလိုမဖြစ်ရင် အမေရိကန်-မြန်မာဆက်ဆံရေးမှာ အပြုသဘောလမ်းကြောင်းနဲ့ ဆက်လက်ဆက်ဆံဖို့ ပိုခက်ခဲစေမယ်လို့ ပြောခဲ့ဖူးသူဖြစ်ပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ