Local News: လိပ်ကျွန်းအမှုမှန်တာ သက်သေပြမယ့် အယူခံလျှောက်လွှာ ထိုင်းအစိုးရ ရှေ့နေအဖွဲ့ အချိန်မီမတင်နိုင်

မြန်မာဘက်က တင်သွင်းထားတဲ့ အယူခံလျှောက်လဲချက်ကိုပဲ ကြည့်ပြီး အမိန့်ချရမယ့် အနေဖြစ်နေပါတယ်။

play

 

လိပ်ကျွန်းလူသတ်မှုကြောင့် မြန်မာလုပ်သားနှစ်ဦးအပေါ်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေက ခိုင်မာတယ်ဆိုတဲ့ တရားလို ထိုင်းအစိုးရ ရှေ့နေအဖွဲ့ရဲ့ အယူခံက နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ မတင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ထိုင်းအစိုးရရှေ့နေအဖွဲ့က  အယူခံလျှောက်လဲချက်မတင်နိုင်တော့လို့ အယူခံတရားရုံးက မြန်မာအစိုးရဘက်က တင်သွင်းထားတဲ့ အယူခံလျှောက်လဲချက်ကိုပဲ ကြည့်ပြီးအမိန့်ချရမယ့် အနေအထားဖြစ်နေတယ်လို့ မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့် က ပြောပါတယ်။

‘‘သူတို့ဘက်က တင်မလာတော့ ထူးခြားတာပေါ့။ သူတို့ဘက်က မှန်တယ်ဆိုရင် တန်းတင်ရမှာပေါ့။ မဟုတ်လို့ ဝေ့လည်ကြောင်ပတ် လုပ်နေတာ။ နိုင်ငံခြားခရီးသွားအသတ်ခံရတဲ့အတွက် သူတို့က အောက်ရုံးမှာသေဒဏ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်လေ။ အပေါ်ရုံးကို ရောက်လာတဲ့အခါ အပေါ်ရုံးက တရားရေးမဏ္ဍိုင်ကို ဘယ်လောက်ဖြောင့်မတ်သလဲ ဆိုတာတွေ့ရမှာပဲ။ အပေါ်တရားရုံးကတော့ မှန်မှန်ကန်ကန်ဆုံး ဖြတ်ပေးမှာလို့ပဲ ယုံကြည်တယ်’’လို့  မြန်မာသံရုံးအထူးအဖွဲ့မှ ဦး ကျော်သောင်းက ပြောပါတယ်။

တရားလိုထိုင်း အစိုးရရှေ့နေအဖွဲ့က အယူခံတင်ပြဖို့ မပြည့်စုံသေးလို့ အယူခံရက် ထပ်တိုးတောင်းထားတာက (၉) ကြိမ်မြောက် ရှိနေပြီ ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နောက်ဆုံး အယူခံတင်ဖို့ အယူခံတရားရုံးက အမိန့်ချထားတာဖြစ်ပါတယ်။

Source : 7DayDaily

Photo : Bangkoko Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ