Local News: အင်းဝအပ်ချုပ်ဆိုင်ကိစ္စ အကူအညီတောင်းဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေဟု တရားလိုပြသက်သေ ထွက်ဆို

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကြိုးစားခဲ့တယ်လို့ တရားလိုပြသက်သေက ပြောပါတယ်။

play
အင်းဝ အပ်ချုပ်ဆိုင်မိသားစုများကို ရုံးထုတ်လာစဉ်။

 

အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူနှစ်ဦး နှိပ်စက်ခံရတဲ့ဖြစ်စဉ်ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်း တာဝန်ရှိသူတို့ကို အကူအညီတောင်းဖို့ ကြိုးစားခဲ့ပေမဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ တရားလိုပြသက်သေ ဦးမျိုးမြင့်မောင်က အနောက်ပိုင်းခရိုင် တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ကျောက်တံတားမြို့နယ် လမ်း(၄၀)တွင် ဖြစ်ပွားခဲ့တဲ့ အိမ်အကူမိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုကို အနောက်ပိုင်းခရိုင် တရားရုံးမှာ လူကုန်ကူးမှုတိုက် ဖျက်ရေးဥပဒေပုဒ်မနဲ့  အပတ်စဉ်စစ်ဆေးနေရာမှာ ကော့မှူးမြို့နယ် လျှာဘွားကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမြင့်မောင်သည် လေးဦးမြောက် တရားလိုပြသက်သေအနေနဲ့ နိုဝင်ဘာ ၁၀ ရက်မှာ သက်သေထွက်ဆိုခဲ့တာပါ။

play

 

ဒီအဖြစ်အပျက်ကို အကြောင်းကြားတာမရှိသလို နောက်ပိုင်းဖြစ်စဉ်ကို မသိရှိခဲ့ဘဲ ၂၀၁၆ ရောက်တဲ့ အချိန်မှပဲ ကျောက်တံတား မြို့နယ်မှူး ရဲမှူးသန်းအေးက အင်းဝနေအိမ်က ကလေးတွေကို မိဘတွေနဲ့အတူ လာရောက်ခေါ်ယူဖို့ အကြောင်းကြားမှ ကလေးတွေ ပြန်ရောက်မလာမှန်း သိခဲ့တယ်လို့ လည်းထွက်ဆိုခဲ့ပါတယ်။

မစန်းကေခိုင်နဲ့ မသဇင်ကို နောက်တစ်ပတ်အတွင်း အုပ်ထိန်းသူထံကို လာာရောက်အပ်နှံဖို့ သဘောတူထားပေမဲ့ စွပ်စွဲခံရတဲ့ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် မစုမွန်လတ်နဲ့  ကိုရာဇာထွန်းက ရွာကိုလာပြီး လုပ်အားခ ကျပ်လေးသောင်း ခွဲနဲ့ ခြောက်သောင်းခွဲပေးခဲ့ပေမဲ့ ကလေးတွေကို နေအိမ် ပြန်ဖို့ ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

Source : 7DayDaily

Photos : BBC Burmese

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ