Local News: မြစ်ဆုံစီမံကိန်း အစီရင်ခံစာ သမ္မတထံ ဒီနေ့တင်မယ်

ကော်မရှင်ရဲ့တွေ့ရှိချက်တွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

play

 

ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ် ရေးကော်မရှင်ရဲ့တွေ့ရှိချက်တွေကို ဒီနေ့မှာ သမ္မတဆီကို အစီရင်ခံစာတင် သွင်းသွားမှာဖြစ်ပြီး နှစ်ပတ်လောက်အကြာမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာတင်သွင်းဖို့ သုံးပတ်လောက်အလိုမှာ အချိန်မလုံလောက်မှုကြောင့် သမ္မတဆီကို တင်ပြရမယ့်ရက်ကို နိုဝင်ဘာ ၁၁ ရက်ကနေ ၃၀ ရက်ကို ပြောင်းရွှေ့ခဲ့တယ်လို့  သတင်းတွေ ထွက်ပေါ်လာပေမဲ့ မူလအချိန်အတိုင်း သမ္မတထံ အစီရင်ခံစာ တင်သွင်းနိုင်ခဲ့တာလို့ အမည်မဖော်လိုသူ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

play

 

ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ် ရေးကော်မရှင်မှာ ပြည်ထောင်စုဝန်ကြီး ငါးဦးပါဝင်ပြီး ဝန်ကြီးဌာနခုနစ်ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်မှ အဖွဲ့ဝင်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားရေအရင်းအမြစ် ကော်မတီအဖွဲ့ဝင်တွေနဲ့  မြန်မာနိုင်ငံ တမံကြီးများအသင်းမှ ပညာရှင်နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ဆုံစီမံကိန်းဆိုင်ရာ စာချုပ်တွေအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတို့တွေအကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းတွေကိုလည်း အစီရင်ခံစာမှာ သုံးသပ်တင်ပြဖို့ သမ္မတက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : BBC,Burma river network

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ