Local News: လှည်းတန်းမှာ ဘတ်စ်ကားလေးစီး ဆင့်တိုက်

၁၂၄ ယာဉ်လိုင်းက သုံးစီးပါဝင်ပါတယ်။

play

 

ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ရန်ကုန်မြို့လှည်းတန်းလမ်းဆုံမှာ ဘတ်စ်ကားလေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ကားတွေက ၁၂၄ ယာဉ်လိုင်းက သုံးစီးပါဝင်တယ်လို့ သိရပါတယ်။

play

 

လှည်းတန်းမီးပွိုင့်ကို ပြည်လမ်းပေါ်ကနေ ရန်ကုန်-အင်းစိန်လမ်းမပေါ်ကို ဖြတ်လာတဲ့ ၁၂၄ လိုင်းကားက ရှေ့မှာရှိတဲ့ ၁၂၄ လိုင်းကား နှစ်စီးနဲ့ ၄၅ ယာဉ်တို့ကို နောက်ကနေ အရှိန်နဲ့ တိုက်မိတာလို့ သိရပါတယ်။

play

 

ယာဉ်တိုက်မှုကြောင့် ခရီးသည် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပြီး ကားတွေထဲမှာ ပိတ်မိတဲ့သူတွေရှိနေလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က လာရောက်ကယ်ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Photos : 7DayDaily,Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ