Local News: ကာကွယ်ရေးဦးစီးချုပ်ကို လှောင်ပြောင်တဲ့ ကြက်ဖကြီးအကောင့်ပိုင်ရှင် ထောင် ၂ နှစ်ကျ

အမှုလေးမှုအတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့တာပါ။

play

 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဓာတ်ပုံကို ကွန်ပျူတာနည်းပညာသုံးပြီး ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ယက်ပေါ် လွှင့်တင်ခဲ့တဲ့ ကြက်ဖကြီးအကောင့် ပိုင်ရှင် ကိုလှဘုန်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ( ဃ ) အပါအ၀င် အမှု လေးမှုနဲ့ မရမ်းကုန်းမြို့နယ်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ ခ၊ နိုင်ငံတော်အလံ အက်ဥပဒေ ပုဒ်မ ၁၆ တို့နဲ့ အမှုလေးမှုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆လစီ ချမှတ်ခဲ့ပြီး လေးမှုပေါင်း နှစ်နှစ် ကျခံစေဖို့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲလောက် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ထောင်ချုပ်ရက် ၉ လကို ထုတ်နှုတ် ခံစားခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပြီး ကိုလှဖုန်းက ပုဒ်မ ၆၆ ဃ နဲ့ ပုဒ်မ ၅၀၅ ခ တို့နဲ့ တရားစွဲဆိုခံထားရတာကနေ ဧပြီ ၈ ရက်နေ့မှာ နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ နဲ့ ထပ်မံတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

Source : Mizzima

Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ