Local News: အမြန်လမ်းမှာအဝေးပြေးကား တိမ်းမှောက် ခြောက်ဦးသေ၊ ၁၇ ဦး ဒဏ်ရာရ

မိုးသောက်ရောင်နီ ယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ် မိုင်တိုင် ၁၄၉ နားမှာ တိမ်းမှောက်ခဲ့တာပါ။

play

 

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၉ နားမှာ ဒီနေ့(နိုဝင်ဘာ ၁၂ ရက်) မနက် ၁ နာရီလောက်က  မကွေး-ရန်ကုန် ပြေးဆွဲတဲ့ မိုးသောက်ရောင်နီ ယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့လို့ ခရီးသည်ခြောက်ဦးနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ခရီးသည် ၅၂ ဦးကို တင်လာတဲ့ မိုးသောက်ရောင်နီ ခရီးသည်တင်ယာဉ်က မကွေးမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး စလစ်ဖြစ်ကာ ယာဉ်တိမ်းမှောက်ခဲ့လို့ အမျိုးသမီးကြီးတစ်ဦးနဲ့  အမျိုးသားငါးဦးနေရာမှာပဲ သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၇ ဦးကို တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေတယ်လို့  ဇီးပင်သာအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

play

 

“ဒဏ်ရာရသူ ၁၇ ဦးမှာ အကြီးစား ခွဲစိတ်ရမယ့် လူနာ သုံးဦးနဲ့ ပြင်ပလူနာ ၁၄ ဦးရှိတယ်၊ ဒဏ်ရာရသူများထဲမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပါဘူး”လို့ တောင်ငူခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဌေးက ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် မိုးသောက်ရောင်နီ ယာဉ်လိုင်းယာဉ်မောင်း ဦးအောင်မြင့်က ထွက်ပြေးတိမ်းရှောင်နေပြီး ဇီးပင်သာ အမြန်လမ်းရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄ - က/ ၃၃၇/ ၃၃၈/ ၂၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ စခန်းကနေ သိရပါတယ်။

Source & Photos : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ