Local News: မြန်မာနိုင်ငံမှာ သေဒဏ်ပေးဖို့ အဆင်သ့င် မဖြစ်သေးဟုဆို

သက်ငယ်မုဒိန်းမှုတွေကိုတော့ သေဒဏ်ပေးသင့်တယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံမှာ သေဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ရုပ်သိမ်းနိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ အသနားခံစာ စိစစ်ရေးကော်မတီ အဖွဲ့ဝင်  ဦးရန်အောင်က နိုဝင်ဘာလ ၁၃ ရက် နေ့က ဒဂုံမြို့နယ် ၊ အလုံလမ်း၊ Yangon International Hotel မှာ ကျင်းပတဲ့ မြန်မာနိုင်ငံမှာ သေဒဏ်ဖျက်သိမ်းရေး အသိပညာပေးလှုံ့ဆော်ပွဲမှာ ပြောကြားလိုက်ပါတယ်။

“သေဒဏ်ပေးတယ် ဆိုတာ အကျိုးမဲ့ ဖြစ်တာမဟုတ်ဘူး၊ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ၊ လူ့အဖွဲ့အစည်းရဲ့ကျင့်ဝတ်တွေကို လိုက်နာမှုမရှိဘဲ ပြစ်မှုပြစ်ဒဏ်တွေကို ကျူးလွန်တဲ့အတွက် ပြစ်ဒဏ်ပေးခြင်း ဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ အသက် ၄/၅ နှစ်ကလေးတွေကို မတော်မတရား လုပ်နေတဲ့ ကိစ္စ၊ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ ကိစ္စတွေကို အထူးခုံရုံးဖွဲ့ စစ်ဆေးပြီး သေဒဏ်ပေးသင့်ပါတယ်”လို့ ဦးရန်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ပေးတာကို ရပ်ဆိုင်းထားတာ နှစ် ၃ဝ ကြာမြင့်နေပြီဖြစ်ပြီး သေဒဏ်ပေးခြင်းအားဖြင့် လူမှုအသိုင်းအဝိုင်း ကောင်းမွန်လာမှာ မဟုတ်ဘဲ သေဒဏ်နဲ့ဆိုင်သော နောက်ဆက်တွဲ အကျိုးတွေကို စေ့စေ့ပေါက် ပေါက် စဉ်းစားသုံးသပ်သင့်ပြီး သေဒဏ်အမိန့်ကြောင့် သတ်ဖြတ်ရတဲ့ ဝန်ထမ်းတွေရဲ့ စိတ်မှာလည်း ထိခိုက်ခံစားရတယ်လို့ သေဒဏ်ကျခံ အကျဉ်းသားများနှင့် တွေ့ဆုံပြီး ဓာတ်ပုံရိုက်ကူးခဲ့သူ ဂျပန် ဓာတ်ပုံဆရာ မစ္စတာ တိုရှီခါဇားမားက ပြောပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ