Local News: ဘိုကလေးဒေသခံတွေ မိကျောင်းအန္တရာယ် စိုးရိမ်နေရ

မိန်းမလှကျွန်း ဘေးမဲ့တောထဲက မိကျောင်းတွေ ရောက်လာပြီး အန္တရာယ်ပြုနေတာပါ။

play

 

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အောက်ပိုင်းဒေသတွေက မြစ်ကမ်းဘေးတွေမှာ နေထိုင်သူတွေက မိကျောင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့ မိကျောင်းတွေက ကျွန်းပြင်ပက မြစ်၊ ချောင်းတွေဆီ ရောက်လာကာ လူတွေကို အန္တရာယ်ပြုနေတာဖြစ်ပြီး ကျေးရွာတွေက မွေးမြူထားတဲ့ ဝက်၊ ခွေးစတဲ့ အိမ်မွေးတိရစ္ဆာန်တွေအပြင် လူတွေကိုပါ မိကျောင်းတွေက ကိုက်ယူစားသောက်တာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

play

 

စစ်တမ်းကောက်ယူမှုတွေအရ မိန်းမလှကျွန်း ဘေးမဲ့တောထဲမှာ မိကျောင်းကောင်ရေ ၃၀ ကျော် ရှိနေပြီး အကြီးဆုံးမိကျောင်းဟာ ၁၈ ပေလောက်အထိ ရှိနေပြီး မိကျောင်းတွေကို  ၁၉၉၀ နောက်ပိုင်းက စတင်ပြီး သဘာဝအတိုင်း ထိန်းသိမ်းထားကာ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ရင် ဒဏ်ငွေသုံးသောင်းကနေ ထောင်ဒဏ်ငါးနှစ်အထိ ကျခံရမယ်လို့ ဥပဒေထုတ်ပြန်ထားပါတယ်။

မိန်းမလှကျွန်း ဘေးမဲ့တောက ဧရိယာပေါင်း ၃၃၇၇၉ ဧကရှိပြီး မိကျောင်းတွေက ဧပြီလ ကနေ နိုဝင်ဘာလအထိ မိတ်လိုက်တာ၊ အသိုက်ဆောက်တာ၊ ဥချတာနဲ့ သားပေါက်လေ့ရှိတာကြောင့် လူတွေကို ရန်မူတတ်လို့ ရေထဲမဆင်းဖို့ သက်ဆိုင်ရာက သတိပေးထားပြီး မိကျောင်းတွေကို ထိန်းသိမ်းတာတွေ လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

Source : DVB

Photos : go myanmar,GNLM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ