Local News: ပိုက်ကျော်ခြင်းခတ်နေတဲ့ မြန်မာလုပ်သား ၂၀ ကျော်ကို လောင်းကစားမှုနဲ့ ထိုင်းရဲဖမ်းဆီး

ဘတ်ငွေ ၂၀ နဲ့ လောင်းကစားပြုလုပ်နေတယ်ဆိုပြီး ဖမ်းခဲ့တာပါ။

play

 

ထိုင်းနိုင်ငံ မဟာချိုင်မြို့ ၀င်ပါပိုရပ်ကွက်မှာ ပိုက်ကျော်ခြင်းကစားနေတဲ့ မြန်မာလုပ်သား ၂၂ ဦးကို လောင်းကစားလုပ်နေတယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားရုံးတင် ခဲ့တယ်လို့ သိရပါတယ်။

ပုစွန်အခွံနွှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၂၂ ဦးက နိုဝင်ဘာ ၁၃ရက်ညနေမှာ ပိုက်ကျော်ခြင်းခတ်ကစားနေတာကို ဘတ်ငွေ ၂၀ နဲ့လောင်းက စားပြုလုပ်နေတယ်ဆိုပြီး မဟာချိုင်ရဲတပ်ဖွဲ့က လောင်းကစားမှုနဲ့  ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

‘‘မြန်မာလုပ်သားလေးတွေ အချင်းချင်းဘောလုံးကန်တာ၊ ခြင်းခတ်တာတွေရှိပါတယ်။ ထိုင်း ပုလိပ်တွေက အဲဒါကိုပိုက်ဆံအ သုံးပြုလောင်းကစားလုပ်နေ တယ်ဆိုပြီး ဖမ်းတာပါ။ ပြောရ မယ်ဆိုရင် ဒါဟာ သက်သက်မဲ့ ဖမ်းဆီးတာပေါ့’’လို့ မဟာချိုင်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ဒါရိုက်တာဦးကျော်သောင်းက ပြောပါတယ်။

ဖမ်းဆီးခံ မြန်မာလုပ်သား အားလုံးက ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်သူတွေဖြစ်ပြီး ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ၂၂ ဦးကို နိုဝင်ဘာ ၁၄ ရက်မှာ တရားရုံးတင်ထားတယ်လို့ သိရပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ