Local News: ဈေးကွက်ထဲက ငရုတ်သီးမှုန့်တွေကို တစ်ပတ်အတွင်း ပြန်သိမ်းဖို့ ညွှန်ကြား

နေ့စဉ်လူဦးရေ ၂၅ သန်းလောက်က ဒီအဆိပ်တွေကို စားနေရတယ်။

play

 

ဈေးကွက်အတွင်း ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေရဲ့ ထက်ဝက်ကျော်မှာ မှိုအဆိပ် (အယ်ဖာတောက်ဆင်)နဲ့ ဆိုးဆေးတွေ ပါဝင်တာကြောင့်  အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA)  ထောက်ခံချက် ရယူထားတဲ့ လုပ်ငန်းရှင်တွေဟာ တစ်ပတ်အတွင်း မိမိကုန်ပစ္စည်းတွေကို ပြန်သိမ်းဖို့ ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။

ထောက်ခံချက် မယူထားတဲ့အမှတ်တံဆိပ်တွေကိုတော့ စားသုံးဖို့မသင့်ကြောင်း ကြေညာမှာဖြစ်ပြီး ဈေးကွက်ထဲမှာတွေ့ရင် ဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။

ဈေးကွက် အတွင်းမှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေကို နမူနာကောက်ယူကာ  နောက်ဆုံးပေါ် နည်းပညာတွေနဲ့ စစ်ဆေးတဲ့အခါ လူတွေကို ထိခိုက်စေမယ့် မှိုအဆိပ်တွေ၊ ဆိုးဆေးတွေ တွေ့ရတာဖြစ်ပြီး နေ့စဉ်လူဦးရေ ၂၅ သန်းလောက်က ဒီအဆိပ်တွေကို စားနေရတယ်လို့ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားထားပါတယ်။

ငရုတ်သီးမှုန့် အမှတ်တံဆိပ် နာမည်တပ် ရောင်းချနေတဲ့ ကုန်ပစ္စည်း ၇၅ မျိုးမှာ ၁၅ မျိုးသာ FDA ထောက်ခံချက် ရယူထားတာကြောင့် ကျန်တဲ့ အမှတ်တံဆိပ် ၆၀ ဟာ ထောက်ခံချက် ရယူထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ