Local News: လမ်းဘေးဈေးသည်တွေ ပပျောက်စေဖို့ ညဈေးတန်းတွေ တည်ဆောက်မယ်

ရွေ့လျားအိမ်သာတွေထားရှိပေးမှာ ဖြစ်ပါတယ်။

play

 

ရန်ကုန်မြို့အတွင်း လမ်းဘေးဈေးသည်တွေ ပပျောက်စေဖို့ ညဈေးတန်းတွေ တည်ဆောက်ပြီး ဖြေရှင်းမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားထားကြောင်း သိရပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ  ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနဲ့ လမ်းမတော်တို့က လမ်းဘေးဈေးသည်တွေကို နိုဝင်ဘာအတွင်း ဖွင့်လှစ်မယ့် ကမ်းနားလမ်း ညဈေးတန်းကို ပြောင်းရွှေ့ဖို့ စီစဉ်ထားပြီး အခြားမြို့နယ်တွေမှာလည်း ညဈေးတန်းတွေ တိုးချဲ့တည်ဆောက်မှာ ဖြစ်ပါတယ်။ လမ်းမတွေပေါ်မှာ လမ်းဘေးဈေးသည်တွေကြောင့် ယာဉ်ကြောကျပ်တည်းတာကို ဖြေရှင်းဖို့နဲ့ လမ်းမဘေးပလက်ဖောင်းတွေပေါ်မှာ အများပြည်သူ သွားလာနိုင်ဖို့ ညဈေးတန်းတွေ စနစ်တကျ တည်ဆောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကမ်းနားလမ်း ညဈေးတန်းကို နိုဝင်ဘာ ၂၁ ရက်မှာ ဖွင့်လှစ်ဖို့ ခန့်မှန်းထားပြီး ရွေ့လျားအိမ်သာတွေထားရှိပေးမယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ