Local News: ရေသန့်စက်ရုံကနေ အရက်ထုတ်တဲ့ ပစ္စည်းတွေ ဖမ်းမိ

အရက်ဖာ ၁၅၄ ဖာကိုပါ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ရေသန့်စက်ရုံတစ်ရုံမှာ အရက်ထုတ်လုပ်တဲ့ စက်ပစ္စည်းကိရိယာတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၁၈၊ ဗောဓိမြိုင်လမ်း၊ Y2A ရေသန့်စက်ရုံဝင်းအတွင်းမှာ အရက်ထုတ်လုပ်တဲ့ ကိရိယာ၊ ဆက်စပ်ပစ္စည်းတွေနဲ့ တရားမဝင်အရက်တွေကို နိုဝင်ဘာလ ၁၁ ရက်ညနေပိုင်းက ဖမ်းမိခဲ့တာဖြစ်တယ်လို့ The Voice သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရေသန့်စက်ရုံမှာ တရားမဝင် အရက်ထုတ်လုပ်ဖြန့်ချီနေကြောင်း သတင်းရတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက စက်ရုံဝင်းအတွင်း ဝင်ရောက်ရှာဖွေရာမှာ အရက်ဖာ ၁၅၄ ဖာကိုပါ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အရက်ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဖမ်းမိမှုနဲ့ အဆိုပါ စက်ရုံပိုင်ရှင် ဦးထွန်းထွန်းနိုင်ကို ယစ်မျိုးဥပဒေပုဒ်မ - ၃၀ (ဃ)နဲ့ အမှုဖွင့်ထားပါတယ်။

Photos & Source: The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ