Local News: မင်္ဂလာဆောင် ထမင်းစားပြီး လူ ၁၀၀ ကျော် အစာအဆိပ်သင့်

သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးလျက်ရှိတယ်။

play

 

ကန့်ဘလူမြို့နယ် ရွာတစ်ရွာက မင်္ဂလာဆောင်မှာ ဧည့်ခံထမင်းကျွေးရာက လူ ၁၀၀ ကျော် အစာအဆိပ်သင့်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က ဇီးကနားကျေးရွာအုပ်စု၊ လျှော်ဖြူကုန်းကျေးရွာမှာ မင်္ဂလာဆောင်ဧည့်ခံထမင်းကိုစားပြီးတဲ့အခါ  ၁၃၂ ဦး အော့အန် အစာအဆိပ်သင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖြစ်ပွားတဲ့ နေ့ကတည်းက လျှော်ဖြူကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ကျန်းမာရေးဌာနက  စစ်ဆေးကုသပေးခဲ့ပြီး အစာဆိပ်သင့်သူအားလုံး သက်သာသွားခဲ့ပြီဖြစ်ကာ မူလတန်းအရွယ် ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ကန့်ဘလူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်ဇော်က ပြောထားပါတယ်။

မင်္ဂလာဆောင်မှာ ၀က်သား၊ ချဉ်ပေါင်းဟင်းရည်၊ ပဲနှပ်၊ ငရုတ်သီးကြော်တွေနဲ့ ဧည့်ခံကျွေးမွေးခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ