Local News: မြန်မာထုတ်ကုန်အမျိုး ငါးထောင်လောက် အမေရိကုန်ကိုပို့ရင် အခွန်ကင်းလွတ်ခွင့် ရတော့မယ်

အမေရိကန်ရဲ့ကုန်သွယ်ရေးအထူးခံစားခွင့်ကို မြန်မာနိုင်ငံ ပြန်ရခဲ့တာပါ။

play
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအိုဘားမားတို့ အိမ်ဖြူတော်တွင်တွေ့ဆုံခဲ့စဉ်။

 

မြန်မာနိုင်ငံအနေနဲ့ အမေရိကန် ကုန်သွယ်ရေးအထူးခံစားခွင့်ကို နိုဝင်ဘာ ၁၃ ရက်မှာ စတင်ရရှိပြီဖြစ်ပြီး မြန်မာ့ထုတ်ကုန်အမျိုးပေါင်း ငါးထောင်လောက်ကို အမေရိကန်သို့ တင်ပို့ရာမှာ အခွန်ကင်းလွတ်ခွင့်ရရှိသွားပြီလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတအိုဘားမားက မြန်မာကို ကုန်သွယ်ရေးအထူးခံ စားခွင့် (GSP) ကို ပြန်လည်ပေး အပ်မယ်လို့ ကြေညာချက်အပြီး ရက်ပေါင်း ၆၀ ကြာပြီးနောက်မှာ မြန်မာအတွက် GSP ကို နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်ပေးအပ်လိုက်တာလို့ အမေရိကန်သံရုံးက ပြောပါတယ်။

GSP အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးဥပဒေ ၁၉၇၄ နဲ့ စတင်ဖန်တီးခဲ့ပြီး မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး အထူးခံစားခွင့်ကို အမေရိကန်က ၁၉၈၈ မှာ ဆိုင်းငံ့ခဲ့ပြီး ၂၈ နှစ်ကြာမှာ အခုလို ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

GSP ကြောင့် မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်း ငါးထောင်ခန့် အမေရိကန်နိုင်ငံကို တင်ပို့ရာမှာ အခွန်ကင်းလွတ်ခွင့်ရရှိမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပြီး GSP အကျုံးဝင်တဲ့ ကုန်ပစ္စည်းတွေမှာ  ပဲ၊ မှို၊ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ အသား၊ အာလူး၊ မုန်လာဥ၊ စပျစ်သီး၊ ဖရဲသီး၊ လိမ္မော်သီး၊ မြေပဲ၊ မြေပဲဆီ၊ နေကြာစေ့၊ နေကြာဆီ၊ ၀ါဂွမ်းဆီ စတာတွေပါဝင်တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : nytimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ