Local News: အင်းစိန်ဆေးရုံက ထွက်ပြေးသွားတဲ့အကျဉ်းသား သာစည်မှာဖမ်းမိ

သာစည်မြို့နယ် အမှတ် (၅) ရပ်ကွက်က စိုးစံတည်းခိုခန်းမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

play

 

မူးယစ်အမှုနဲ့ ထောင်ဒဏ် အနှစ် ၄၀ ကျခံနေရပြီး အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကျဉ်းသားကို နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက သာစည်မြို့နယ်က တည်းခိုခန်းတစ်ခုမှာ ဖမ်းမိခဲ့တယ်လို့ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးယုနိုင်က ပြောပါတယ်။

ဖမ်းမိခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် အကျဉ်းသား ကြည်အေး (ခ) မော်စီက ဂရင်ဂျီနာရောဂါ ဖြစ်နေလို့ အင်းစိန် ဗဟိုအကျဉ်းထောင်ကနေ အင်းစိန်ဆေးရုံကို တင်ပို့ကုသနေတုန်းမှာ နိုဝင်ဘာ ၁၀ ရက် မနက် ၂ နာရီက သံခြေချင်းဖြုတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

အဆိုပါ အကျဉ်းသားနဲ့အတူ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ဖြူဖြူဝင်းကို သာစည်မြို့နယ် အမှတ် (၅) ရပ်ကွက်က စိုးစံတည်းခိုခန်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံကို လွှဲပြောင်းပို့အပ်ဖို့  စီစဉ်နေတယ်လို့ သာစည်မြို့မ ရဲစခန်းကနေ သိရပါတယ်။

Source & Photo : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ