play

 

ထိုင်း-မြန်မာ နယ်စပ်က ကန့်ကရာချန်သဘာဝနယ်မြေကို ယခုနှစ် နိုဝင်ဘာမှ စတင်ကာ နှစ်နိုင်ငံသဘောတူညီချက်နဲ့ နယ်နိမိတ်တိုင်းတာမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ကနဦး နယ်မြေတိုင်းတာရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်တဲ့ ကောင်းကင်ဓာတ်ပုံ ရိုက်ခြင်းလုပ်ငန်းတွေကို  နိုဝင်ဘာကနေ  ဧပြီအထိ လုပ်ဆောင်မှာဖြစ်ပါတယ်။ အဆိုပါဒေသကို ကန့်ကရာချန် သဘာဝနယ်မြေအဖြစ် ထိုင်းနိုင်ငံအစိုးရက ယူနက်စကိုသို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ တင်သွင်းထားပေမဲ့ မြန်မာအစိုးရက ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

ယူနက်စကိုကလည်း နှစ်နိုင်ငံ အစိုးရအကြား အပြုသဘောဆောင် ညှိနှိုင်းဖို့ အောက်တိုဘာ နောက်ဆုံးပတ်က အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။ အဆိုပါဒေသဟာ  မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်နဲ့ ကော့သောင်းကြားမှာ ရှိပြီး တနင်္သာရီသစ်တောနဲ့ ထိစပ်လျက်ရှိတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, Chachawancub Chachawsnch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video