Local News: လုပ်သားအခွင့်အရေး တိုးမြှင့်ရရှိဖို့ ဘီအာတီယာဉ်မောင်းတွေ ယာဉ်ပြေးဆွဲမှုရပ်နားကာ တောင်းဆို

နောက်ရက်တွေ ပြေးဆွဲမလား၊ မပြေးဆွဲဘူးလားဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။

play

 

အများပြည်သူရုံးပိတ်ရက်တွေမှာ လုပ်ခနှစ်ဆပေးရေးအပါအဝင် လုပ်သားအခွင့်အရေးတွေ တိုးမြှင့်ပေးဖို့ BRT-Lite ယာဉ်မောင်းတွေဟာ နိုဝင်ဘာ ၁၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့)မှာ  ယာဉ်လိုင်းမပြေးဆွဲဘဲ တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အစုရှယ်ယာထက်ဝက်ခန့်နဲ့ ထည့်ဝင်ပြေးဆွဲနေတဲ့ BRT-Lite ယာဉ်လိုင်းမှ ယာဉ်မောင်းအများစုဟာ အကျိုးခံစားခွင့် ပေးအပ်မှုနည်းပါးနေတယ်ဆိုပြီး ပြေးဆွဲမှုရပ်နားကာ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

 လိုချင်တဲ့အချက်တွေကို လက်မှတ်ရေးထိုးပြီး တောင်းဆိုသွားမှာဖြစ်ကာ နောက်ရက်တွေ ပြေးဆွဲမလား၊ မပြေးဆွဲဘူးလားဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ယာဉ်မောင်း ကိုအောင်ဇော်ထက်က ပြောထားပါတယ်။

BRT ယာဉ်လိုင်းကို ယာဉ်စီးရေ ၆၅ စီးနဲ့ နေ့စဉ်ခရီးစဉ် အမှတ် (၁)၊ (၂)၊ (၃) တို့ကို ပြေးဆွဲပေးနေပေမဲ့ နိုဝင်ဘာ ၁၄ ရက်မှာ  ခရီးစဉ်သုံးခုလုံးရဲ့ယာဉ်နှစ်စီးသာ ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ