Local News: မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ဘင်္ဂါလီ ၆၉ ဦး သေဆုံး၊ ၂၃၄ ဦးဖမ်းမိထား

မီးရှို့ထွက်ပြေးမှုတွေကြောင့် နေအိမ် ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

play

 

အကြမ်းတိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာ ၉ ရက်ကနေ  နိုဝင်ဘာ ၁၄ ရက်အထိ စုစုပေါင်း သေဆုံးသူ ဘင်္ဂါလီ ၆၉ ဦးနဲ့ ဖမ်းဆီးရမိသူ ၂၃၄ ဦးရှိခဲ့ပြီး ဘင်္ဂါလီအကြမ်းဖက်သူတွေရဲ့ မီးရှို့ဖျက်ဆီး ထွက်ပြေးမှုတွေကြောင့်လည်း အဆောက်အအုံ ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး ဖမ်းဆီးရမိသူတွေထဲက ၂၉ ဦးကို တရားဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး မသက်ဆိုင်တဲ့သူ ၂၃ ဦးကို ပြန်လွှတ်ပေးခဲ့ကာ တပ်မတော်ဘက်က စစ်ကြောင်းမှူးအပါအ၀င် အရာရှိ/စစ်သည် ခုနှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးပြီး အရာရှိ/စစ်သည် ငါးဦးနဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေရှင်းလင်းမှုတွေပြုလုပ်နေတုန်း တိုက်ပွဲဖြစ်စဉ် ကိုးကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ကိုးကြိမ်၊ နှောင့်ယှက်ပစ်ခတ်ခံရမှု သုံးကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု သုံးကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။

Source & Photos : Myawaddy

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ