Local News: ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ စစ်တွေကို ရောက်ရှိ

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို သွားရောက်လေ့လာမယ်လို့ ဆိုပါတယ်။

play

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်ခုနစ်ဦးက ဒီနေ့( နိုဝင်ဘာ ၁၅ ရက်) မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဒီကော်မရှင်အဖွဲ့က ရခိုင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံမှာဖြစ်သလို ရခိုင်တိုင်းရင်းသားနဲ့ မွတ်ဆလင် နှစ်ဖက်ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံမှာလို့ သိရပါတယ်။

play

 

အကြံပေး ကော်မရှင်အဖွဲ့မှာ Ms Laetitia Ven Den Assum ၊ဦးဝင်းမြ၊ ဒေါက်တာသာ လှရွှေ၊ ဦးအေးလွင်၊ ဦးခင်မောင်လေး၊ ဒေါက်တာမြသီတာနဲ့ ဒေါ်ခင်စောတင့်တို့ လိုက်ပါလာတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်တွေက စစ်တွေမြို့မှာ အစိုးရတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး မောင်တောနယ်စပ်ဒေသအခြေနေတွေကို သွားရောက်လေ့လာကြမယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ