Local News: အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး ကိုးဦးဒဏ်ရာရ

မီနီဘတ်စ် ဒရိုင်ဘာက အိပ်ငိုက်ပြီး ဝင်တိုက်တာခဲ့တာလို့ သိရပါတယ်။

play

 

နိုဝင်ဘာလ ၁၅ ရက်နေ့က မနက် ၅ နာရီလောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၄၀ နားမှာ ရပ်နားထားတဲ့ ESE ယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ်ကို မီနီဘတ်စ်တစ်စီးက နောက်ကနေ ၀င်တိုက်ခဲ့လို့  မီနီဘတ်ပေါ်က ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျား၊ မ စုစုပေါင်း ကိုးဦး ဒဏ်ရာရှိခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့စခန်း နေပြည်တော်ကနေ သိရပါတယ်။

play

 

“HYUNDI MINI BUS မီနီဘတ်စ်ပေါ်မှာ ခရီးသည် ၁၆ ဦးလိုက်ပါလာတာ ဖြစ်ပြီး တောင်ကြီးမီးပုံပျံပွဲက ပြန်လာကြတာလို့ သိရတယ်။ ခရီးသည်တင် ကားကလည်း ရန်ကုန်ဘက်ကို ခေါင်းတည်ပြီး ရပ်ထားချိန် မီနီဘတ်စ် ဒရိုင်ဘာက အိပ်ငိုက်ပြီး ဝင်တိုက်တာပါ”လို့  မိုင်တိုင် ၄၀ အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဘောနတ်ကြီး အမြန်လမ်း ရဲတပ်ဖွဲ့စခန်းကနေ ESE ယာဉ်မောင်း ဦးပိုတာနဲ့ ဟွန်ဒိုင်းမီနီဘတ်စ် ယာဉ်မောင်း ဦးအောင်ကျော်စိုးတို့ကို ယာဉ် (ပ) ၃၄ /၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ နဲ့ အမှုဖွင့်လှစ် ဆောင်ရွက် နေတယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။

Source & Photos : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ