Local News: တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အီတလီတိုက်လေယာဉ်စက်ရုံကို သွားရောက်လေ့လာ

ရောမမြို့က စစ်သမိုင်းပြတိုက် GRANATIERJ ကိုလည်းသွားရောက်ခဲ့ပါတယ်။

play

 

အီတလီနိုင်ငံကို ရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာ တူရင်မြို့မှာရှိတဲ့ တိုက်လေယာဉ်တွေ ထုတ်လုပ်တဲ့ LEONARDO AIRCRAFT ကုမ္ပဏီကို သွားရောက်လေ့လာခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ကုမ္ပဏီက Eurofighter Typhoon တိုက်ခိုက်ရေးလေယာဉ်တွေ၊ Joint Strike Fighter တိုက်ခိုက်ရေးလေယာဉ်တွေ၊ ATR Maritime Patrol သယ်ယူ ပို့ဆောင်ရေးလေယာဉ်၊ C- 27.J-Multi-Mission Transport လေယာဉ်၊ ရေပြင်နဲ့မြေ ပြင်ကာကွယ်ရေး နည်းစနစ်များ၊ အာကာသနည်းပညာနှင့်ဆိုင်တဲ့ နည်းစနစ်တွေကို တီထွင် ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲမှာ ရောမမြို့ရှိ စစ်သမိုင်းပြ တိုက် GRANATIERJ ကို သွား ရောက်ခဲ့ပြီး ပထမကမ္ဘာစစ်အတွင်း အီတလီပါဝင်ခဲ့သော စစ်ပွဲများ၊ စစ်ပွဲတွေထဲမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ၊ အီတလီတပ် မတော်သမိုင်းနဲ့ သူရဲကောင်းစစ်သည်မှတ်တမ်းတို့ကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

ကာရေးဦးစီးချုပ်က အီတလီတပ်မတော်စစ်ဦးစီးချုပ်နဲ့ နိုဝင်ဘာ ၁၁ ရက်က နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးနဲ့ အနာဂတ်မှာ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos : Senior General Min Aung Hlaing

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ