play
ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီနှစ်ဦးကို တွေ့ရစဉ်။

 

နိုင်ငံတော်နဲ့ တပ်မတော်အပေါ် အကြည်ညိုပျက်စေမယ့် မဟုတ်မမှန်သတင်းတွေကို လူမှုကွန်ရက်ပေါ်မှာလွှင့်နေတဲ့ ဘင်္ဂါလီနှစ်ဦးကို နိုဝင်ဘာ ၁၁ ရက် ညနေက မောင်တောမြို့နယ် ဘဂုံးနားကျေးရွာနားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဘဂုံးနားကျေးရွာကို  နိုဝင်ဘာလ ၁၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က ၀င်ရောက် ရှင်းလင်းရှာဖွေတုန်းမှာ ဘင်္ဂါလီညီအစ်ကိုနှစ်ဦးကို ဖုန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MaSweZin အမည်နဲ့ မမှန်သတင်းလွှင့်ခဲ့တဲ့ ရော်ဟီးမူလာနဲ့ ညီဖြစ်သူ အာမာန်အူလာတို့ကို တရားဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ မောင်တောမြို့မရဲစခန်းကို စနစ်တကျလွှဲ ပြောင်းခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : Narinjara News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video