Local News: ဘုရားဝင်းအတွင်းက အလှူခံပုံးကို ခွဲပြီး အလှူငွေခိုးတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီး

ခဲနဲထုခွဲကာ အလှူငွေတွေကို ရယူခဲ့တာ ဖြစ်ပါတယ်။

play

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဘုရားဝင်းတစ်ဝင်းအတွင်းက အလှူခံပုံးက အလှူငွေခိုးတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အမှတ် (၃) ရပ်ကွက် တာဝတိံသာ ဘုရားဝင်းအတွင်းက အလှူခံပုံးကို ခဲနဲထုခွဲကာ အလှူငွေတွေ ရယူခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စီမံချက်နဲ့ ကင်းလှည့်နေတုန်း အဆိုပါ လူငယ်နှစ်ယောက်လက်ထဲမှာ ကြွပ်ကြွပ်အိတ်နဲ့ ပိုက်ဆံတွေ တွေ့လို့ ခေါ်စစ်လိုက်ရာက ပိုက်ဆံရှစ်သောင်းကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ရဲအုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

အလှူခံပုံးဖောက်ခဲ့တဲ့ ညီထွန်းထွန်းနဲ့ ပြည့်ကိုတို့ဟာ ခိုးယူခဲ့ကြောင်းလည်း ဝန်ခံထားပြီး အသက်မပြည့်သေးတာကြောင့် တရားသူကြီးအမိန့်နဲ့ ပုသိမ်မြို့နယ် ရဲစခန်းက ရဲအရာရှိတစ်ဦးအိမ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ